၁၂၂ ကြိမ်မြောက် မေဒေးနေ့အခမ်းအနားကို အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ(Action
Labor Rights)ကကြီးမှူးပြီး ဒဂုံတောင်မြို့နယ်၊ ပုလဲရတနာလမ်းမှာရှိတဲ့ ပိဋကတ်သုံးပုံ
နိကာယ်ငါးရပ် စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ(Action Labor Rights)ကို ၂၀၁၂
ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့မှာ့ ရည်ရွယ်ချက်(၃)ရက်နဲ့
စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်တွေ ကတော့
(၁) လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်ရေး၊
(၂) အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့်
သိရှိနားလည်လာရေး၊
(၃) အလုပ်သမားနစ်နာမှုများအား အလုပ်သမားများဘက်မှ ရပ်တည်၍ ကူညီဖြေရှင်းပေးရေး
တို့ ဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ(Action Labor Rights)ကို ထူထောင်သူတွေကတော့
၂၀၀၇ ခုနှစ်၊ မေဒေးနေ့အခမ်းအနားကို အမေရိကန်စင်တာမှာ ကျင်းပခဲ့တဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံခဲ့ကြရပြီး
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွှတ်လာကြတဲ့
ကိုကျော်ကျော်၊ ကိုသူရိန်အောင်၊ ကိုညီညီဇော်၊ ကိုကျော်မင်း၊ ကိုဝေလင်းတို့ဖြစ်ပါတယ်။