Thursday, April 26, 2012

History

ALR အား ထူထောင်သူတို.သည် ၂၀၀၄ ခုနှစ်မှ စတင်၍ အလုပ်သမား ရေးရာများကို စတင်ဆောင်ရွက်ခဲ.သည်။ လှိုင်သာယာစက်မှုဇုံ။ ရွှေပြည်သာစက်မှုဇုံ ၊ဒဂုံတောင် စက်မှု ဇုံတို.မှ အလုပ်သမားများအား စည်ရုံး၍  စက်မှုအလုပ်သမားသမဂ္ဂ ကိုစတင်ဖွဲ.စည်းခဲ.သည်။
၂၀၀၇ခုနှစ် မေလ (၁)ရက် မေဒေးနေ.တွင် လှိုင်သာယာ။ရွှေပြည်သာ နှင်. ဒဂုံမြို့သစ် စက်မှုဇုံ တို့မှ အလုပ်သမား၈၀ကျော်ဖြင့် အမေရီကန်စင်တာ တွင် အလုပ်သမားနေ.အခမ်းအနား ကျင်းပရာ အခမ်းအနားပြီးနောက် အဖမ်းခံခဲ့ ရသည်။
၂၀၀၁၂ခုနှစ်  ဇန်န၀ါရီ လ၊၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာလာခဲ့ပြီး ဖေဖော်ဝါရီ၅ရက်နေ.တွင် အဖွဲ့ဝင်၁၀ဦးဖြင့် Action Labor Rights(ALR) အလုပ်သမား အခွင်.အရေးလှုပ်ရှားသူများ ကို ဖွဲ့စည်းခဲ့သည်။
တာဝန်ခံတစ်ဦး၊ပြင်ပဆက်သွယ်ရေးတာဝန်ခံတစ်ဦး၊စည်းရုံးရေးမှူးတစ်ဦး၊ဘဏ္ဍာရေးမှူး၊ရုံးအဖွဲ့မှူး၊ သတင်းသုတေသနမှူး၊ ဥပဒေအကြံပေးတို့နှင်.ဖွဲ့စည်းထားပြီး လှိုင်သာယာ ၊ရွှေပြည်သာနှင့် ဒဂုံမြို့သစ်စက်မှူဇုံ တို.တွင် ဒေသဆိုင်ရာတာဝန်ခံများထားရှိထားသည်။

အလုပ်သမားတို့နှင့်ပြန်လည်တွေ့ဆုံ
 ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုန် အသီးသီးက အလုပ်သမားတွေနှင့်ပြန်လည်တွေ့ဆုံ ခြင်းကို လည်း ၅.၂.၂၀၁၂ မှာဘဲ တပါတည်းပြုလုပ်ခဲ့ ပါတယ်။ 
                                   
                                   
အလုပ်သမား(၁၈၀)ကျော်တို့ တက်ရောက်ခဲ့ကြပြီး သူတို့ ရင်ဆိုင်နေ၇တဲ့ အခက်အခဲတွေ ခံစားချက်တွေ ကို  ပြောပြခဲ့ပါတယ်။

No comments:

Post a Comment